တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

  

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၈၃၁၁၀) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၅)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၉၂၆၉) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၉၅၅) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၇၃၂)လိပ်၊ မိုးကာတဲ (၁၁၀၉)လုံး၊ သွပ် (၂၄၀၉၇၆)ချပ်၊ သွပ်သံ (၂၁.၈၄)ပိဿ၊ အိမ်ရိုက်သံ (၆၄၂၄.၂)ပိဿ၊ ချိန်းဆော (၄၄)လက်၊ ခေါက်ဆွဲခြောက် (၂၃၈၈၃၀)ထုပ် ဆန် (၂၁၈၀၇)အိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ ခေါက်ဆွဲခြောက် (၃၀၀၀၀)ထုပ်မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် မိုးကာတဲ (၅၂၆)လုံးနှင့် သစ်ခွဲသား (၁၂၂၂) တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန်အတွက် အိမ်ရိုက်သံ (ဆိုဒ်စုံ) (၃၆၁၄၅.၇)ပိဿနှင့် သွပ်သံ (၂.၅ လက်မ) (၈၃၂၈.၁၆)ပိဿ တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၂၁၇၀၀၀)ထုပ်၊ Disaster Kit (၂၂၀)ပုံး၊ Emergency Light (၉၀၀)ခု၊ IEHK (၁၁၄)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၀၀)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုနှင့် ရေသန့်ဆေးပြား (၂၂၁၂၀၀၀)ခု၊ ချင်းပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၅၅၀၀)ထုပ်၊ Disaster Kit (၈၀)ပုံး၊ Emergency Light (၁၀၀)ခု၊ ကလိုရင်းဆေးမှုန့် (၃၇)ပုံး၊ IEHK (၂၄)ပုံး၊ ရေသန့်ဆေးပြား (၂၂၄၀၀၀)ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဓါတ်ဆားမှုန့် (၅၀၀၀၀)ထုပ်၊ Disaster Kit (၅၄၉)ပုံး၊ IEHK (၁)ပုံး၊ ကလိုရင်းဆေးမှုန့် (၅၀)ပုံး၊ ရေသန့်ဆေးပြား (၁၀၀၈၀၀၀)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ IEHK ()ပုံး၊ ကလိုရင်းဆေးမှုန့် (၃၁၅)ပုံး၊ ရေသန့်ဆေးပြား (၁၉၂၀၀၀)ခု၊ မကွေးတိုင်းဒေသကြီးအတွက် ရေသန့်ဆေးပြား (၃၀၀၀၀၀)ခု၊  ကလိုရင်းဆေးမှုန့် (၁၄၂)ပုံး၊ Disaster Kit (၁၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၁၇)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၁ ဦး

 

နေအိမ်ပျက်စီး  -  ၂၈၃၄၂၁ လုံး

 

စာသင်ကျောင်း  -  ၁၇၆၂ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၀၃၁ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၅၃ ခု

 

တာဝါတိုင်    -  ၁၅ တိုင်

 

ဓာတ်တိုင်   -  ၁၀၀၉၆ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၅၃၂၃၄၇ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၃၁၁၀.၃၇၄)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR