လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၁:၃၀)အချိန်အထိ ကျောက်တံခါးမြို့နယ်၊ ရပ်ကွက် (၅)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း

MOS

DSW

DDM

DOR