၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၃၀.၉.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ အမျိုးသမီးနှင့်ကလေးဘဝမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဌများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ကြီးသူချင်းကူညီစောင့်‌ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘိုးဘွားရိပ်သာများမှ ကိုယ်စားလှယ်များ၊ ကန်ကော့ခံဘိုးဘွားများနှင့်သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများစုစုပေါင်း (၂၄၅)ဦးတက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးဓနုဖြူ စိုးသိန်းရေးသားသီးကုံးသော သက်ကြီးရွယ်အိုများနေ့ ပဏမာတေးသီချင်းဖြင့်သီဆိုခြင်း၊ ပန်းချီဆရာ အဘိုးဦးလှအောင်မှ သီချင်းတစ်ပုဒ်စုတ်ချက်တစ်ရာ အစီအစဉ်ဖြင့် ပန်းချီလက်စွမ်းပြသခြင်း၊ ဘိုးဘွားများမှ Zumba  အကဖြင့် ဖျော်ဖြေခြင်းများဖြင့် တင်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ဒဂုံမြေသက်ကြီးသူများဦးဆောင်သော လူမှုအားမာန်အဖွဲ့(ISHG) ဥက္ကဌဦးအောင်မြင့်မှ လူမှုအားမာန်အဖွဲ့(ISHG) အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးမှ အသက်အကြီးဆုံး အဘိုးဦးကျင်ပါ အသက် (၁၁၂) နှစ်အား ဂုဏ်ပြုငွေ ကျပ် ၂၇၈,၀၀၀/-၊ အသက်(၈၅) နှစ်နှင့်အထက် ဂုဏ်ပြုခံဘိုးဘွား (၄၂) ဦးအား တစ်ဦးလျှင် ကျပ်၁၈၆,၀၀၀/- ၊ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်ခဲ့သော ဘိုးဘွားများ နေ့ပိုင်းပြုစုစောင့်ရှောက်ရေးဂေဟာမှ အဘိုးဖွဲ့  (၃)ဖွဲ့အား တစ်ဖွဲ့လျှင် ၆၅၈,၀၀၀/-ကို  ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ မလာရောက်နိုင်သော ရန်ကုန်တိုင်းဒေသကြီးမှ အသက်အကြီးဆုံး အဘွား(၂)ဦး ဖြစ်သည့် သန်လျင်ခရိုင်မှ ဒေါ်လှကျင် အသက်(၁၁၁)နှစ်၊ မရမ်းကုန်းခရိုင်မှ ဒေါ်ရှုယဉ် အသက်(၁၁၁) နှစ်တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR