စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁.၁၁.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ဆောင်ရွက်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာန၊ အဖွဲ့အစည်းများမှဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR