ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ(/၂၀၂၁)အစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်း ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများသည် In- personဖြင့်လည်းကောင်း၊နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကမြန်မာနိုင်ငံသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည် နှင့်အညီကလေးသူငယ်များ၏ရပိုင်ခွင့်များအပြည့်အဝရရှိစေရန်၊ အရည်အသွေးပြည့်ဝသောဝန်ဆောင်မှု များကိုလက်လှမ်းမီရရှိစေရန်၊ ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန် စွာကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာပဒေကို၂၀၁၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း ယင်းဥပဒေတွင်လိုအပ်သည့်ကဏ္ဍအလိုက်ပြင်ဆင်သွားရန်အတွက်ဥပ‌ဒေရေးရာ ဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ UNCRC ပါလက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာနောက်ဆက်တွဲအခြေပြစာချုပ်အရလက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများမှကာကွယ်တားဆီးရေးကော်မတီကိုဖွဲ့စည်းပြီးလုပ်ငန်း စီမံ ချက်များရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ UNCRC သို့နိုင်ငံအဆင့်အစီရင်ခံစာများကို တင်သွင်းလျက်ရှိပြီး ယခုပဥ္စမအကြိမ်နှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာကိုလည်း UNCRC Committee သို့ပေးပို့ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့်သင်တန်းကျောင်းအခြေပြုနှင့်ရပ်ရွာအခြေပြုလုပ်ငန်းများ အဖြစ်ဆောင်ရွက်နေ သော်လည်း လမ်းပေါ်နေကလေးတွေများပြားလာသည့်ပြဿနာသည်နိုင်ငံဖွံ့ဖြိုးရေးအတွက်စိန်ခေါ်မှု တစ်ရပ်ဖြစ်လာ၍ဖြေရှင်းရန်လိုအပ်သည့် အရေးကြီးသောပြဿနာတစ်ခုလည်းဖြစ်လာပါကြောင်း၊ လမ်းပေါ် နေကလေးသူငယ်များအပေါ်အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း တို့မှကာကွယ်ရန်နှင့်ဘဝလုံခြုံရေးအတွက်ရည်ရွယ်၍ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကနဦးစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ် သွားမှာဖြစ်ပါကြောင်း၊ကလေးသူငယ်များ အပါအဝင်ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောလူမှုရေးရာ ဖြစ်ရပ်များကို ဖြစ်ရပ်စီမံခန့်ခွဲသူ(Case Manager)များမှတစ်ဆင့်(၂၄)နာရီဝန်ဆောင်မှုပေးနိုင်သည့် Help line Service ကိုထူထောင်ထားရှိပါကြောင်း၊ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရသော ကလေးသူငယ်များ နှင့်အကြမ်းဖက်ခံရသည့် မိန်းကလေးငယ်များအတွက်ကျန်းမာရေးကုသစရိတ်၊ တရားရင်ဆိုင်ရေးစရိတ်၊ ဘဝရပ်တည်နေထိုင်ရေးအတွက်အသက်မွေးဝမ်းကျောင်းစရိတ်တို့အားထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်း ဆိုင်ရာဆွေးနွေးပေးခြင်းနှင့်ကျွမ်းကျင်သူ Counsellor များနှင့်ချိတ်ဆက်ပေးခြင်း နည်းလမ်းများ ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှမွေးဖွားလာသောအသက်()နှစ်အောက်ကလေးသူငယ်များအားငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT)ကိုအာဟာရစံနှုန်းများနိမ့်ကျသောဒေသများတွင် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယင်း အပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဉီးတည်ချက်()ရပ်အနက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးအတွက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌများဦးဆောင်ပြီးတက်ကြွစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ အနေဖြင့်ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏မွေးရာပါအခွင့်အရေးများမဆုံးရှုံးစေရန်နှင့်ကလေးသူငယ်တိုင်း လက်လှမ်းမီတန်းတူညီတူရရှိနိုင်ရန်တာဝန်ရှိသူများမှသက်ဆိုင်ရာ ကဏ္ဍအလိုက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များကလမ်းပေါ်နေကလေးများလျော့နည်းရေးနှင့်ကာကွယ်ရေးစောင့်ရှောက်ရေးစီမံချက်၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)ပါပြဋ္ဌာန်းချက်များနှင့်ပတ်သက်ပြီး ပုဒ်မများပြင်ဆင် ဖြည့်စွက်ချက်များအားလည်းကောင်းရှင်းလင်းတင်ပြခဲ့ကြပါသည်။

          ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများမှ ကလေး သူငယ်အခွင့်အရေးများနှင့်ပတ်သက်၍အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌကနိဂုံးချုပ်အမှာစကားပြောကြားပြီးအစည်းအဝေးအားမွန်းလွဲ(:၁၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR