လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးရုံးမှ
တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့နှင့် (၁၁-၅-၂၀၂၃) ရက်နေ့၊(၁၆:၃၀) အချိန်မှ
(၁၈:၀၀) နာရီအချိန်ထိ ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာသည့်အတွက် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန်
ဆောင်ရန်/ရှောင်ရန်အချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
အချိန်နှင့် တပြေးညီထုတ်ပြန် ချက်များကို စောင့်ကြည့်၍
လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊
မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပါင်း၍ အသိပေးတိုက်
တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM