မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှကြီးမှူး၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၁၂.၂၀၂၂) ရက်နေ့၊  မွန်းလွဲ (၁၄:၀၀) အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ တက်ရောက်အင်အား (၂၀) ဦးဖြင့်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက မွန်ပြည်နယ်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ထားမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ထိုနောက် တက်ရောက်လာသော ကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးတင်ပြခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၍ နိဂုံးချုပ်အမှာစကားကို မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက ပြောကြားပြီး အခမ်းအနားကို (၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR