လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကိုယနေ့ မွန်းလွဲပိုင်းတွင် ရုံးပရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ရာထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်၍ အားပေးခဲ့ကြပါသည်။

အဆိုပါ ထမနဲထိုးပွဲကိုအန္တရာယ်ကင်း၍ ကျန်းမာချမ်းသာပါစေခြင်းအကျိုးငှာတပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားနှင့် သံဃာတော်များအားရည်စူး၍(ထမနဲ) ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်နိုင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကောင်းများကိုထိန်းသိမ်းရန်၊ မိတ်ဆွေသင်္ဂဟများကိုဝေငှကျွေးမွေးနိုင်ရန်နှင့် ဝန်ထမ်းမိသားစုများအားလုံးစည်းစည်းလုံးလုံးချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး  ၎င်းထမနဲထိုးပွဲကိုဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းအင်အား (၃၀၀) ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR