လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းတုန်ပိတ်ကျေးရွာအတွင်း မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် (၃၁-၁-၂၀၂၃)ရက်နေ့(၁၄:၀၀)အချိန်တွင် နေအိမ်ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၆)ဦးနှင့် (၄-၂-၂၀၂၃) ရက်နေ့မှ (၁၃-၂-၂၀၂၃)ရက်နေ့ထိ နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် နေအိမ်(၃၁) လုံး၊ အိမ်ထောင်စု(၃၁)စု၊ လူဦးရေ(၁၄၈)ဦး၊ စုစုပေါင်းအိမ်ခြေ(၃၉)လုံး၊ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၈၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၈၆,၄၀ဝိ/-)နှင့်  ကြိုတင်ဖျက်သိမ်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၂၈၆,၄၀ဝိ/-)အား (၁၇-၂-၂၀၂၃)ရက်နေ့တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR