ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့၊ (လှေကွဲလဟာ၊ မကျီးပင်ကွင်း၊ ရွာသာကုန်း )ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄ )ရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၁၅ မေ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့၊ (လှေကွဲလဟာ၊ မကျီးပင်ကွင်း၊
ရွာသာကုန်း )ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄ )ရွာ၌ (၁၁-၅-၂၀၂၃) ရက်နေ့(၁၆း၂၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ ထရံကာ)
ပြိုကျ/ ပျက်စီးနေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ( ၂၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၆၀,၀၀၀/-)၊ အိမ်ထောင်စု (၅)စုမှ စုစုပေါင်းလူဦး ရေ(၂၂)ဦးအတွက် (၇)ရက်စာ
ဆန်ရိက္ခာရန်ပုံငွေ ( ၄၆,၂၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ( ၃၀၆,၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) အိမ် ထောင်စာတို့အား(၁၃-၅-၂၀၂၃) ရက်နေ့ (၁၀း၂၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM