လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ ပန်းကုန်းကျေးရွာတွင် (၁၂-၅-၂၀၂၄) ရက်နေ့ (၁၅း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) နှင့် လူဦးရေစုစုပေါင်း (၈) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀ဝိ/-) နှင့် (၁၂၅,၀၂၄/-) တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၁၄-၅-၂၀၂၄) ရက်နေ့ (၁၄း၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM