၂၀၂၃ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုလှုပ်ရှားမှုအနေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကကြီးမှူး၍သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကိုယနေ့ နံနက် (၈:၀၀)နာရီတွင်နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး အနီးတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊နေပြည်တော်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဦးမြင့်စိုး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာနန္ဒာမွှန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့်မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများတက်ရောက်ပါဝင် စိုက်ပျိုးခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များကသတ်မှတ်နေရာများတွင်ပျိုးပင်များကိုဦးဆောင်စိုက်ပျိုးပေးကြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့်မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှအဖွဲ့ဝင်များကသတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များစိုက်ပျိုးပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်အကြိုလှုပ်ရှားမှုအဖြစ် ကျွန်း၊ ပိတောက်၊ စိန်ပန်း၊ ငုဝါ၊ ခရေနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း(၁၀၀)ပင်ကိုစိုက်ပျိုးပေးခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR