လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ မိတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၈၊ နေပြည်တော်                                                                                                

             လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာများ၊ မူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် မိတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ () နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း များနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိတ်ဆက်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူကို အခြေခံတဲ့ပုံစံနဲ့ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလုပ်အပေါ်စေတနာထားပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပြဿနာတစ်ခုကို အရှိအတိုင်းသိမှ မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ ပြဿနာများ၊ ကြုံတွေ့ ရမည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေ လိုပါကြောင်း၊ လုပ်ငန်းများတွင် ပြဿနာမှာ ပုံမှန်ရှိတတ်ပြီး ဖြေရှင်းနိုင်ဖို့က အဓိကအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာန အနေဖြင့် ပြည်သူလူထုအတွက် ဘာပဲလုပ်ပေးပေး စေတနာနဲ့ လုပ်ပေးကြဖို့ လိုအပ်ပါကြောင်း၊ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး တည်ဆောက်ပြီး လုပ်ငန်းများ ဆောင်ရွက်ဖို့နှင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး မတည်ဆောက်နိုင်ဘဲ ရှေ့ဆက်လုပ်ငန်းများ ဆောင်ရွက်ရန် အဆင်မပြေနိုင်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးသည့် အလုပ်ကိုလုပ်ရင်းနဲ့ ကုသိုလ်ရနေတဲ့ ဝန်ကြီးဌာန ဖြစ်တဲ့အတွက် များစွာဂုဏ်ယူပါကြောင်းနှင့် ယခုကဲ့သို့ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာများ၊မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ အရာထမ်းများ၊ အမှုထမ်းများ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေတာ တွေ့မြင်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများနှင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ ဝန်ထမ်းများသည် အပြန်အလှန်မိတ်ဆက်ကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ကြရာ ပြည်ထောင်စု ဝန်ကြီးက မရှင်းလင်းသည့် အချက်အလက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR