လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၈-၉-၂၀၂၆) ရက်နေ့၊  နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ မြောင်းမြ မြို့နယ်၊  စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အကြီးအကဲနှင့်တကွ ဌာန ဆိုင်ရာဝန်ထမ်းများ (၁၂၀) ဦးတို့အား  ဦးစီးဌာနမှ  လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှု များ၊  သဘာဝဘေးနှင့်ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီး အန္တရာယ်အကြောင်းနှင့် ပလတ်စတစ် ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခု လတ်တလောဖြစ်ပွားလျက်ရှိသော ရေဘေး၊ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင် ၍ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR