သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မူလွန်(လက်ယတ်စမ်း) ကျောင်းတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၂၃ နိုဝင်ဘာ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃) ရက်နေ့၊ (၁၂:၀၀) အချိန်မှ (၁၃:၃၀) နာရီအချိန်အထိ သန်လျင်ခရိုင်၊
သန်လျင်မြို့နယ်၊ မူလွန် (လက်ယတ်စမ်း) ကျောင်းတွင် ကျောင်းသား/သူ (၂၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့်
လက်ကမ်း စာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM