လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးစကားဝိုင်းဆွေးနွေးပွဲကို(၇.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌အခမ်းအနားအစီအစဉ်(၂)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီးပထမပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးစကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကိုကျင်းပဆောင်ရွက်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ပြင်ပပညာရှင်တို့မှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ဆွေးနွေးပြောကြားခဲ့ပါသည်။

အစီအစဉ်အရပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးမှ သုံးသပ်အမှာစကားပြောကြားခဲ့ပြီး(၁၃:၀၀) နာရီအချိန်တွင်  အခမ်းအနားကိုရုပ်သိမ်းခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR