လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ
တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကမ်းနီကျေးရွာအုပ်စု၊
ကြက်ပေါင်ကျေးရွာတွင် (၂၃-၇-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊
အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)၊
ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ
အိမ်ထောင်စု (၂) စုစာ (၂၆၂,၆၅၆/-) နှင့် စုစုပေါင်းကယ်ဆယ်ရေး ထောက်ပံ့ငွေ (၄၇၅၂၅၆/-) အား(၂၅-၇-၂၀၂၄)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင်
တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM