အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြင့် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်းဆောက်လုပ်ရေးစီမံကိန်းပန္နက်ရိုက်အခမ်း အနားကို ၁၉-၈-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E Mr.Abhay Thakur ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          ဒုတိယဝန်ကြီးက ကလေးသူငယ်များဟာနောင်တစ်ချိန်မှာအနာဂတ်နိုင်ငံတော်ကိုပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့်သူများဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်အသက်အပိုင်းအခြားဖြစ်သည့်မွေးစမှအသက်၈နှစ်အရွယ်အထိအချိန်ဟာရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊လူမှုဆက်ဆံရေးနှင့်ဦးနှောက်ဖွံ့ဖြိုးမှုတို့အလျင်မြန်ဆုံးဖြစ်ပေါ်သည့်ကာလဖြစ်ပါ ကြောင်း၊ လူ့ဘဝတစ်လျောက်သင်ယူနိုင်မှုစွမ်းအား အကောင်းဆုံးအချိန်ဖြစ်တာနှင့်အညီ ဖွံ့ဖြိုးမှု အတွက် အရေးပါသောကာလဖြစ်ပါကြောင်း၊ ထိုကာလအတွင်းကလေးသူငယ်များ၏ကာယ၊ဉာဏ၊စာရိတ္တ၊လူမှုဆက်ဆံရေး၊စိတ်ခံစားမှု၊အာဟာရနှင့်ကျန်းမာရေးစသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်မိသားစု၊ရပ်ရွာနှင့်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအားလုံးကပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လယ်ဝေးမူလတန်းကြိုကျောင်းဆောက်လုပ်ပေးခြင်းအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများ အားလုံးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက စီမံကိန်းဆိုင်ရာ အကူအညီ ပေးရေး အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးငယ်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက် ရိုက်ခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လယ်ဝေး မူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်းစီမံကိန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းအိန္ဒိယနိုင်ငံ အစိုးရ၏ ထောက်ပံ့ငွေကျပ်၁၀၉၁.၄၇၅သန်းဖြင့်၉၀ပေ × ၃၀ပေ × ၂၄ပေSteel Structure နှစ်ထပ်အဆောက်ဦ၂ လုံးကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR