လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၁-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၁:၀၀)နာရီအချိန်အထိ‌‌ အုတ်ဖိုမြို့နယ်(အ-ထ-က)အုတ်ဖို ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၁၅၀)ဦးခန့်တို့အား သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး သရုပ်ပြဆွေးနွေးဟောပြောခြင်း၊ ဘောပင်နှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အမေးအဖြေများပြုလုပ်ဆွေးနွေးပြီး ဗလာစာအုပ်များ ဝေငှပေးခြင်း၊​ ကျောင်းအုပ်ဆရာမကြီးထံသို့ မိုး​ကြိုးဘေး ဗီနိုင်းနှင့် ငလျင်ဘေး ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါဆွေးနွေးဟောပြောပွဲသို့ မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာနတို့မှ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR