လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ
တာ၀န်ရှိသူများသည် (၂၇-၇-၂၀၂၄) ရက်နေ့၊ (၁၂:၀၀) နာရီ အချိန်၌
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်
လုံးဝပျက်စီးအိမ်ခြေ (၅) လုံး ၊ အိမ်ထောင်စု (၅) စုရှိ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ
(၄၂,၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၂၀၀ဝိ/-)
နှင့် (၅၄၀,၀၃ဝိ/-) တန်ဖိုးရှိ
ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၇-၇-၂၀၂၄)
ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင်
ကျောက်တန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက်
သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source:DDM