လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration-IOM)၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou YsmaelArriolaအားယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြားနားလည်မှုစာချွန်လွှာရေးထိုး၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းအတွက် အစိုးရ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် မုန်တိုင်းသင့်ပြည်သူများအားလူသားချင်းစာနာမှုအကူအညီပေးအပ်ရေးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လူကုန်ကူးခံရသူများနှင့်တရားမဝင်ရွှေ့ပြောင်းလုပ်သားများပြန်လည်လက်ခံရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်းပြန်လည်ဝင်ဆံ့ရေးလုပ်ငန်းများကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. DraganAleksoskiနှင့် အာရှပစိဖိတ်ဒေသဆိုင်ရာရွှေ့ပြောင်းသွားလာမှုမူဝါဒထောက်ပံ့ရေးအရာရှိ Mr. ChaogianXiong တို့ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR