လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၃)ရက်​​နေ့ ​(၀၅း၁၀)နာရီအချိန်ခန့်၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၄၂၀၀၀/-)ကျပ်နှင့် Family Kits (၄)ပုံး၊ လူ(၁)ဦးလျှင်အဝတ် (Mask)(၂)ခုနှုန်းဖြင့် လူ(၂၀)ဦးအတွက် အဝတ်(Mask) (၄၀)ခုတို့အား ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၂-၂၀၂၃)ရက်နေ့၊ (၁၆:၁၇)နာရီအချိန်တွင် ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။

 

Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR