မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်တန်းကို ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်၍ ၂၀-၇-၂၀၂၃ ရက်နေ့မှ ၂၁-၇-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၉၁) ဦး တက်ရောက်ခဲ့ကြပါသည်။ 

၂၀-၇-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးက ပြန်လည်ထူထောင်ရေးဦးစီးဌာနအကြောင်း မိတ်ဆက်တင်ပြခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို စီမံကိန်းမြို့နယ် (၁၀) မြို့နယ် တွင် ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့ပြီး ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခွင့်အရေးများ၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည်များကိုလည်း ဆွေးနွေးပို့ချခဲ့ပါသည်။

ထို့နောက် TCG အဖွဲ့ဝင်များဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကိုကိုဇော်နှင့် ဒေါက်တာဖြိုးဝေဝင်းတို့က သင်ခန်းစာများအား ပို့ချခဲ့ပြီး နေပြည်တော် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများကို ရရှိရန် လိုအပ်ကြောင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်ကတ် ရရှိပါက ရရှိလာမည့် အခွင့်အရေးများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၁-၇-၂၀၂၃ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးစံလင်းက မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် အသက်အရွယ်အလိုက် အကဲဖြတ် မေးခွန်းလွှာများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR