လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အား ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်း (၁၄:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ကဝန်ကြီးဌာနနှင့် UNOCHA တို့ သဘောတူညီမှုစာလွှာအသစ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် UNOCHA Head of Office ဖြစ်သူမြန်မာနိုင်ငံသို့လာရောက်တာဝန်ထမ်းဆောင်မည့် အခြေအနေများအားတင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်း UNOCHA ၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့်ကုလသမဂ္ဂအဖွဲ့အစည်း (၇)ဖွဲ့နှင့်အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်း (၃) ဖွဲ့တို့ကနိုင်ငံတော်အစိုးရ၏ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ရှိမုန်တိုင်းသင့်သူများအတွက်ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရေးအသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စများအားအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR