လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃) ရက်နေ့၊ (၁၆:၂၀) နာရီအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၅)ရွာတို့၌ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ​လူနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ်(၁၈)လုံးနှင့် ဘ/က(၁)ကျောင်းများအတွက် ကျောင်း/ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၉၅)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၉၉၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၄၉၅၀ဝိ/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)ပုံး၊ စက္ကူကတ်ထူပုံး(၆)ပုံးတို့အား(၁၈-၂-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ​ ​ဘေးဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ပြန်ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သွားရောက်ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR