လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါမဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ်(၈)ရပ်ပါဝင်ပြီး၎င်းတို့အနက် ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းအစီအစဉ်(၂)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် - MCCT” နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့်ရှိသူများထံသို့ ငွေကြေးများတိုက်ရိုက်ထောက်ပံ့ခြင်း (Cash in Envelope) နည်းလမ်းကိုသာ အသုံးပြုလျက်ရှိပါကြောင်း၊ ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံသို့ထောက်ပံ့ငွေများ အပြည့်အဝရရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ တိကျမှန်ကန်စွာ သုံးစွဲနိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့်တင်ပြသွားမည့် ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများအပြင် ရေရှည်ဆောင်ရွက်နိုင်မည့်အခြားအကြံပြုလိုသည့်နည်းလမ်းများ၊ နည်းပညာများကိုလည်း မျှဝေအကြံပေး ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ၊ ပြောင်းလဲအသုံးပြုလိုသည့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာအစည်း အဝေးကိုရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မြန်မာ့သက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက် ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများ ဖြင့် ပါဝင်ဆင်နွဲရန်အတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်ကို ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယခုနှစ် သင်္ကြန်ပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိလူမှုဝန်ထမ်းဦးစီးဌာနယိမ်းအဖွဲ့မှ ရေတွေစိုကုန်ပြီ၊ နွေဦးကဗျာသီချင်းများဖြင့်လည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယိမ်းအဖွဲ့မှမူယာကျော့၊ ကျီစားသလားသီချင်းများဖြင့်လည်းကောင်း နေ့အလိုက် ပါဝင်ဖျော်ဖြေဆင်နွှဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR