လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
(၂၄-၇-၂၀၂၄) ရက်နေ့တွင် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု/
ကျေးရွာနှင့် ပျဥ်းမကုန်းကျေးရွာတို့တွင် ဖြစ်သွားသောရေဘေးမှ ယာယီ ပြောင်းရွှေ့နေထိုင်သော
အိမ်ခြေ (၃၅)လုံး၊ အိမ်ထောင်စု (၃၅) စုရှိ ရေဘေးသင့်လူဦးရေ (၉၆) ဦးတို့အား
ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၀၁,၆၀၀ိ/-) အား (၂၄-၇-၂၀၂၄) ရက်နေ့ (၁၂း၃၀)
နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ခရီးစဥ်တွင်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM