အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအားယခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူကူညီဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်တွင် (၂၈-၁၁-၂၀၂၃) ရက်၊ အင်္ဂါနေ့ နံနက် (၉:၀၀)မှ (၁၀:၀၀) နာရီအထိကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

စာစီစာကုံးပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၄၄ ဦးစုစုပေါင်း ၆၃ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီးဆုရရှိသူများအားပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် နိုင်ငံတော်အဆင့်အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ရာတာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က ဘိုးဘွားရိပ်သာတွင် အဘိုး(၁၂၀)ဦး၊ အဘွား(၅၉)ဦးစုစုပေါင်းဘိုးဘွား(၁၇၉)ဦးကို အဘိုးဆောင်၊ အဘွားဆောင်များတွင် စနစ်တကျလက်ခံစောင့်ရှောက်ထားရှိမှုများကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အလှူငွေပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာတာဝန်ခံအရာရှိကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ဘိုးဘွားဆေးကုသဆောင်သို့ သွားရောက်၍  ဆေးကုသမှုခံယူနေသော အဘိုး(၁၂)ဦးအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အလှူငွေများ ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ ဓမ္မာရုံသို့သွားရောက်ခဲ့ပြီး  ဘိုးဘွားများတရားဘာဝနာရှုမှတ်နေမှုများအား ကြည့်ရှုခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ်(၂၈.၀၇၇)သန်း လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသောအောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့  သွားရောက်ပြီး ကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌထံအလှူငွေနှင့် ကလေးများအတွက်ကျောင်းသုံးစာ‌ရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။ဂေဟာတွင် ယောကျာ်းလေး(၄၂)ဦး၊ မိန်းကလေး(၉)ဦး စုစုပေါင်း(၅၁)ဦးကိုလက်ခံစောင့်ရှောက်ထားရာ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ပထမအဆင့်ဂေဟာဖြစ်ပြီး နှစ်စဉ်ဆန်ဖိုးနှင့် စားစရိတ်တို့ ထောက်ပံ့ပေးလျက်ရှိပါသည်။ ကျောင်းထိုင် ဆရာတော်ထံမှ ရေစက်ချတရား နာကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးများအိပ်ဆောင်၊ စားရိပ်သာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်ငွေကျပ်(၂၄.၈၄) သိန်း လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR