ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ (ကွင်းသာ၊ ကျွဲခြံဒေါင့်၊ ကျီအိုင်လေး)ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃) ရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၁၅ မေ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ (ကွင်းသာ၊ ကျွဲခြံဒေါင့်၊
ကျီအိုင်လေး)ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃ )ရွာ၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်
ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး
(၁၀၀,၀၀ဝ/-)၊ တစ်စိတ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၁၀,၀၀၀/-)၊
အိမ် ထောင်စု(၃)စုမှ လူဦးရေ(၁၃)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၇,၃၀ဝ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၃၇,၃၀၀/-)နှင့်
ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့ အား (၁၄-၅-၂၀၂၃)ရက်နေ့ (၁၅း၀၀)
နာရီအချိန်တွင်
တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည် သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM