ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း( Early Childhood Intervention- ECI ) စီမံချက် (မူကြမ်း) ရှင်းလင်း တင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး / ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက Covid-19ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ECI လုပ်ငန်းပြန်လည် စတင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်မူကြမ်းကို ရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ကလေးများဖွံ့ဖြိုးရန် အတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှုအရေးပါသလို အာဟာရပြည့်ဝရန်လိုအပ်ပါကြောင်း၊ ကလေးများတွင် ပုံမှန်ဖွံ့ဖြိုးမှုရှိသောကလေးများရှိသလို ဖွံ့ဖြိုးမှုနှေးသည့် ကလေးများလည်းရှိနိုင်ပါကြောင်း၊ စောစီးစွာ တိုင်းတာစစ်ဆေးမှုများပြုလုပ်ပြီး  ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးများ၏ ဖွံ့ဖြိုးမှုများသည် လူ့ဘဝအစရက်(၁၀၀၀)ကာလမှ ကလေးအသက်(၃)နှစ်ခန့်အထိ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်နေပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် မွေးစမှ(၈)နှစ်အထိ သတ်မှတ်ထား သော်လည်း ECI ဝန်ဆောင်မှုအတွက် စောနိုင်သမျှစောသိလျှင် ပိုကောင်းပါကြောင်း၊ သို့မှသာ မသန်စွမ်းဖြစ်မှုလျှော့ချနိုင်မှာဖြစ်ကြောင်း၊ ECI ဝန်ဆောင်မှုမှာ ကလေးသူငယ်များဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်မှ တက်ရောက်လာသူ များအနေဖြင့် လက်ရှိမြေပြင်အခြေအနေအရ ဆောင်ရွက်နိုင်မှုအခြေအနေကို ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ECCD Resource Center မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန်းဦးက ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်(မူကြမ်း)ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ECI ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများက လက်ရှိဆောင်ရွက် နိုင်မှုနှင့် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြခဲ့ပါသည်။      

          အဆိုပါ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ECI ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း ကလေးသူငယ်များကို စောစီးစွာ တိုင်းတာစစ်ဆေးခြင်း (Active Case Detection)နှင့် ဆောင်ရွက်ရသလို ပြည်သူလူထုအတွင်း အထူးသဖြင့် မိဘများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပြီး ၎င်းတို့အနက် လိုအပ်သူများက ဝန်ဆောင်မှုရယူရန် နေရာများကို ဆက်သွယ်လာသည့်           ( Passive Case Detection) လည်းရှိပါကြောင်း၊ အဆိုပါနည်းလမ်း(၂)ခုကို ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေး စီမံချက်တွင် ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါကြောင်း၊  ECI Specialist Team တွင် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းစေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက် အသေးစိတ်ရေးဆွဲရာတွင် အပိုင်း() ပိုင်းခွဲ၍ Phase (1) အနေဖြင့် အသိပညာပေးခြင်းနှင့် online သင်တန်းများပေးစေလိုပါကြောင်း၊ Phase(2) အနေဖြင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနှင့် မသန်စွမ်းမှု အလားအလာရှိသည့် ကလေးများအား မှတ်တမ်းတင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်းနှင့် နောက်ဆက်တွဲ ပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ECI Task Force သက်ဆိုင်သူများ အားလုံးပါဝင်စေရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကနဦးစီမံချက်ဝင် မြို့နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရှမ်းတဲကြီးကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းကျေးရွာနှင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရပ်ကွက်(၁)နှင့် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာများ၏ ဆောင်ရွက်ချက်များအပေါ်တွင် သုတေသနဆန်းစစ်ချက်များဆောင်ရွက်ရန် ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR