မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်း (မန္တလေး)တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၆.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက စေတနာ့ဝန်ထမ်းဆိုသည်မှာ စိတ်နေစိတ်ထားအရ၊ ခံယူချက်အရ အများအကျိုးသယ်ပိုး ဆောင်ရွက်နေသူများဖြစ်ပါကြောင်း၊ နိုင်ငံအသီးသီးတွင် စေတနာ့ဝန်ထမ်းများရှိသလို မြန်မာ နိုင်ငံသည်လည်း Volunteer  ကဏ္ဍ အားကောင်းသည့်နိုင်ငံဖြစ်ကြောင်း၊  အာဆီယံအစည်းအဝေး များတွင် အသိအမှတ်ပြုခံရပါကြောင်း၊ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း Volunteer ကဏ္ဍသည် မပြောင်းမလဲတည်ရှိခဲ့တာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ကိုဗစ် - ၁၉ ကာလအတွင်းတွင် လည်းကောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင်လည်းကောင်း Volunteer များ ပိုမိုအားကောင်း လာသည်ကိုတွေ့ရှိရပါကြောင်း၊  မြန်မာနိုင်ငံ၏ စေတနာ့ဝန်ထမ်းကဏ္ဍသည် လျော့ပါးသွားခြင်း မရှိဘဲ ပိုမိုအားကောင်းသည့် ရလဒ်ကောင်းများကို တွေ့ရှိရပါကြောင်း၊ စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများအား ၂၀၀၁ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့သည့် သင်တန်း အကြိမ်ရေ (၂၈)ကြိမ်ခန့်ဖြစ်ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး (၇၅၉) ဦးမွေးထုတ် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်ကို တွေ့ရှိရပါ ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများသို့ လာရောက်ပြီး စိတ်ပိုင်း/ရုပ်ပိုင်း ပြန်လည်ထူထောင်မှုခံယူသည့်သင်တန်းသားများအား ပြန်လည်ထူထောင်မှု ကာလ ရက်(၉၀)သည် လုံလောက်သည့် ကာလမဟုတ်သည့်အတွက် မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့် ၎င်းတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ အကြောင်းကြောင်းကြောင့် မူးယစ် ဆေးပြန်လည်မသုံးစွဲရန်အတွက် နောက်ဆက်တွဲစောင့်ရှောက်မှု အခန်းကဏ္ဍအပေါ်တွင် မူတည် နေပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့်လည်း စခန်းရှိဝန်ထမ်းအင်အား နည်းပါးမှုများ ရှိနိုင်သည့်အတွက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းနှင့် စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများကို အားကိုးပြီး နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေရပါကြောင်း၊ ထိရောက်အောင်မြင်မှုများရရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်မကရှိခဲ့ပြီး အောင်မြင်မှု များရရှိခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကိုယ်တိုင်က စိတ်အားထက်သန်စွာဖြင့် အိမ်တိုင်ရာ ရောက် နောက်ဆက်တွဲစောင့်ရှောက်မှု ပေးခဲ့သည့်အတွက် ရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများတွင်လည်း နောက်ဆက်တွဲစောင့် ရှောက်မှုလုပ်ငန်းအနေဖြင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းနှင့် စေတနာ့ဝန်ထမ်း များ၏ လုပ်အားဖြင့် ပူးပေါင်းကူညီမှုသည် အလွန်ထိရောက်မှုရှိသည်ကို အမြဲတင်ပြပေးပါ ကြောင်း၊ ယခုသင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် စိတ်ပိုင်း/ ရုပ်ပိုင်း ပြန်လည်ထူထောင်ရေးဆိုင်ရာ ဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအနေဖြင့် သင်တန်းကာလနှင့် ပို့ချ မည့်ဘာသာရပ် နှိုင်းယှဉ်ပါက သင်တန်းကာလနည်းပါးပြီး သင်ကြားမည့်ဘာသာရပ်က ပိုများနေ သည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းကာလနှင့်ပို့ချမည့်ဘာသာရပ်ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  သင်တန်းသား/သူများ အနေဖြင့် စေတနာအရင်းခံရှိပြီးဖြစ်သည့်အတွက် တတ်ကျွမ်းမှုပါပေါင်းဆောင်ရွက်ပါက ပိုမိုပြည့် စုံသွားမည်ဖြစ်ပါကြောင်း သင်တန်းမှသင်ကြားပို့ချသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ စေတနာ့ဝန်ထမ်းများကိုလည်း စိတ်ပါဝင်စား စွာဖြင့် သင်တန်းတက်ရောက်သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီး ကြပ်ရေးမှူးအသင်း(ဗဟို)နှင့် စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဝါဝါကြွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံ (ထုံးဘို)မှ ဆေးရုံအုပ်ကြီး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ မူးယစ် အထူးတပ်ဖွဲ့စုနှင့် လူကုန်ကူးမှု/လူမှောင်ခိုနှင့် ကလေးသူငယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ ရဲမှူးများ၊ ဒုတိယရဲမှူးများ၊ ခရိုင်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်၊ မြန်မာနိုင်ငံ မူးယစ်ဆန့်ကျင် ရေး အသင်းဥက္ကဋ္ဌနှင့် မြို့နယ်တာဝန်ခံဆရာဝန်များ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်း(ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်ဥပဒေအရာရှိ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း(မန္တလေး)နှင့် လူကုန်ကူးခံရသူများယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ အရာထမ်း၊ အမှုထမ်းများ သင်တန်းသားများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား သင်တန်းသား (၂၀)ဦးဖြင့် (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအား နံနက် (၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR