မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၂)အစည်းအဝေးအား မတ်လ(၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့်အမျိုးသမီးများ၏အခွင့်အရေးများနှင့် ကျား၊မ ဆိုင်ရာကိစ္စရပ်များကို အစိုးရ၏မူဝါဒများတွင် ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာန များ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံ အဆင့်လုပ်ငန်းယန္တရားတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ် များချမှတ်ခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ အမျိုးသမီးရေးရာကိစ္စရပ်များနှင့် ပတ်သက်၍  နိုင်ငံတကာနှင့် ဒေသတွင်းဆက်သွယ်ဆောင်ရွက်ပေးခြင်းတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုအောက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မူဝါဒ(၄)ရပ်၊ လုပ်ငန်း တာဝန်(၇)ရပ် ချမှတ်၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြသည့် အမျိုး သမီးအဖွဲ့များကိုလည်း ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင်(၇၄)ခု၊ မြို့နယ် (၃၃၀)တို့တွင် အမျိုးသမီးကော်မတီ များကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီများအကြား သက်ဆိုင်ရာဒေသ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် အစည်းအဝေး(၂)ကြိမ် ကျင်းပဆောင်ရွက်လျက် ရှိပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် လိုအပ်သည့် ကြီးကြပ်လမ်းညွှန် မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို လုပ်ငန်း ဧရိယာ (၁၂) ရပ်ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ NSPAW Phase I ကို ပြန်လည်သုံးသပ်ပြီး NSPAW Phase II ကို ရေးဆွဲနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီများ၏ စွမ်းရည်များသည် များစွာအရေးကြီးပါကြောင်း ၊အမျိုး သမီးများ၏ ဘဝကို အားပေးမြှင့်တင်ခြင်းသည် ၎င်းတို့၏ မိသားစုကို တိုးတက်စေခြင်းဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံတော် အစိုးရအနေနှင့် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးများရရှိစေရန် ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးများသိရှိစေရန် အားကြိုးမာန်တက် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ဆွေးနွေး တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၁) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် နေပြည်တော်အမျိုးသမီး  ကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီး ကော်မတီများ၏ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင် များမှ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေ(၄:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
မြန်မာနိုင်ငံက Hybrid စနစ်ဖြင့် အိမ်ရှင်အဖြစ် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပခြင်း
(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

MOS

DSW

DDM

DOR