ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဲဇလီချောင်းကျေးရွာနှင့် ကြာကွင်းကျေးရွာများ၌ အသိပညာပေး ဆောင်ရွက်မှုသတင်း
၁၅ ဩဂုတ် ၂၀၂၄
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့်
ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များပူးပေါင်း၍ (၁၄-၈-၂၀၂၄) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊
မဲဇလီချောင်းကျေးရွာနှင့် ကြာကွင်းကျေးရွာများ၌ မိုးကြိုကာလ အတွင်း ဖြစ်ပွားလေ့ရှိသော
ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေ
ပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
Source: DDM