(၁၁)  ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th ASEAN Senior Officials Meeting on Youth) နှင့် (၁၀) ကြိမ်မြောက်အာဆီယံ+၃ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) တို့ကို စက်တင်ဘာ ၂၃ မှ ၂၄ အထိ မလေးရှားနိုင်ငံမှ အိမ်ရှင် နိုင်ငံအဖြစ်တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  အာဆီယံလူငယ် ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ (SOMY) အစည်းအဝေး၏ ပူးတွဲသဘာပတိအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စုပေါင်းဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကိုဗစ်-၁၉ ကာလအတွင်း စေတနာ့ဝန်ထမ်းလူငယ်များ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုအခြေအနေများ၊ အာဆီယံလူငယ် ဆိုင်ရာအညွှန်းကိန်းများအစီအစဉ်(၂) တွင် ပါဝင်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာ ရန်ပုံငွေထည့်ဝင်နိုင်မှုနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်ထားရှိမှု၊ အထူးအလေးပေးရမည့် လူငယ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅) တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်မည့်အစီအစဉ်များနှင့် အာဆီယံ+၃ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်မှုအခြေများအား ဆွေးနွေးခဲ့ပါသည်။


(၁၁) ကြိမ်မြောက်အစည်းအဝေး

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် လက်ရှိအာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အိမ်ရှင်ဖြစ်သည့် မလေးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ H.E Ms. Ramona Mohd Razali နှင့် ပူးတွဲသဘာပတိအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးတို့က ဆောင်ရွက်ကြပြီး အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) နှင့် အာဆီယံလူငယ်ဆိုင်ရာအညွှန်းကိန်းများအစီအစဉ် (၂)၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။

ဆက်လက်၍   အာဆီယံလူငယ်ဆိုင်ရာ  ဆက်စပ်အဖွဲ့အစည်းများအလိုက်    လက်ရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အာဆီယံ လူငယ်ဆိုင်ရာ ရန်ပုံငွေထည့်သွင်းထားရှိမှုအခြေအနေများနှင့် (၁၂) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ အား ဆွေးနွေးခဲ့ကြပြီး  (၁၀) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာတို့အား ပြင်ဆင်ခဲ့ကြပါသည်။

(၁၀) ကြိမ်မြောက် အာဆီယံ+၃ အစည်းအဝေး - (၁၀)ကြိမ်မြောက်အာဆီယံ+၃ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ဆက်လက်ကျင်းပရာ အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံတို့၏ လူငယ်ဆိုင်ရာ အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အာဆီယံ+၃ လူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံ+၃ လူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့် လူငယ်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

တာဝန်ရှိသူများတက်ရောက်

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ+၃ နိုင်ငံများမှ လူငယ်ဆိုင်ရာအဆင့် မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံလူငယ်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR