၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၁.၂.၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) မူလတန်းကြိုကျောင်းခန်းမတွင် COVID-19 စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကလေးများနေ့အကြိုလှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ စွမ်းရည်ပြိုင်ပွဲတို့မှ ဆုရကလေးငယ်(၉၆)ဉီးအား ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုလက်ဆောင်များအား တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကျောင်းများမှ (၁၂) နှစ်အောက် ကလေးငယ်များက ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
မြန်မာနိုင်ငံက Hybrid စနစ်ဖြင့် အိမ်ရှင်အဖြစ် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပခြင်း
(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

MOS

DSW

DDM

DOR