ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအတွက်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌မတ်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအတွင်းရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အကောင်အထည်ဖော်ရာတွင်အထောက်အကူဖြစ်စေရန်ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၁၀၆ပါအကောင်အထည်ဖော်ရမည့် အချက်(၃)ချက်နှင့် ပူးတွဲကြေညာချက်ပါဦးစားပေးကဏ္ဍ(၆)ရပ်တို့အပေါ်မူတည်ပြီးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲထားပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၀.၁၁.၂၀၂၁ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့အထိ စီမံချက်ကာလတစ်နှစ်သတ်မှတ်ကာ ပထမသက်တမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပဋိပက္ခအတွင်း အမျိုးသမီးများ၊ အမျိုးသား၊ ကလေးသူငယ်တို့အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို(၂၀၂၂ - ၂၀၂၃)ခုနှစ်တွင် ဒုတိယသက်တမ်း၊(၂၀၂၃-၂၀၂၄)ခုနှစ်တွင် တတိယသက်တမ်းအဖြစ် (၁)နှစ်စီ သက်တမ်းတိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းတွင်ဆွေးနွေးမည့်ဘာသာရပ်များမှာပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုများအပေါ်အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်စပ်လျဉ်းသော ဥပဒေ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV)ဆိုင်ရာနှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်းသည့်အကြောင်းအရာ၊ ကျား၊မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များကိုကာကွယ်စောင့်ရှောက်မှုပေးခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာများစသည်တို့ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းများစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အကျိုးရှိအောင်လေ့လာဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အစီအစဉ်အရ သင်တန်းနည်းပြများကို မိတ်ဆက်ပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူတို့မှမိတ်ဆက်ခြင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြပြီး သင်တန်းသို့ဆက်စပ်ဝန်ကြီးဌာန(၁၁)ခုနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ စုစုပေါင်းသင်တန်းသား/သူ (၃၀)ဦးပါဝင်တက်ရောက်ကြပြီး၁၂.၃.၂၀၂၄ရက်နေ့မှ၁၅.၃.၂၀၂၄ရက်နေ့ထိသင်တန်းကာလ(၄)ရက်တာဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR