လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၃၀-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင် ရုံ(မန္တလေး)သို့ရောက်ရှိခဲ့ပြီး မိုးကြို ကာလနှင့် မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အနေဖြင့်ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင် ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို   ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် သိုလှောင်ရုံတာဝန်ခံက ဗဟို သိုလှောင်ရုံ (မန္တလေး)တွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၁၀၀၀၀)စာ၊ ဒေသဖွံ့ဖြိုး ရေးသုံးပစ္စည်းများနှင့် အလှူပစ္စည်းများ၊  ဗဟိုသိုလှောင်ရုံ(မန္တလေး)မှ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် သိုလှောင်ရုံများသို့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ ကိုအရေးပေါ်အခြေအနေနှင့်လိုအပ်ချက်ရှိမှုအပေါ်မူတည်၍ပေးပို့ဖြည့်တင်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက  ယခုကာလသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက် တောင်မုတ်သုန်လေ စတင်ဝင် ရောက်လာပြီဖြစ်၍ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါက အသင့်ဖြစ်စေရန် နိုးနိုးကြားကြားဖြင့် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဘေးသတင်း များကို အချိန်နှင့်တပြေးညီသိရှိနိုင်ပြီး ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများအား လမ်းညွှန် ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ဘေးဖြစ်ပွားရာဒေသများသို့ အချိန်မီ ဖြန့်ခွဲထောက်ပံ့ နိုင်ရေးအတွက် လူ၊ စက်၊ ယာဉ်ယန္တရားများစုဖွဲ့နိုင်ရေး ကြိုတင် စီမံဆောင်ရွက် ထားရမည်ဖြစ်ကြောင်း စသည်ဖြင့်မှာကြားခဲ့ပါသည်။ ဗဟိုသိုလှောင်ရုံရှိဂိုဒေါင်များအတွင်း ကယ်ဆယ်ရေး ပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေး သုံးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ (မန္တလေး)အပါအဝင် သိုလှောင်ရုံများတွင် Warehouse Management ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန် မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်းဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန် သက်သာခြင်း၊ ပစ္စည်းများလက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူချောမွေ့ခြင်း၊ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

  













ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ချမ်းအေးသာဇံမြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန(မန္တလေး)၊ အမျိုး သမီးကလေးများသင်တန်းကျောင်းနှင့် အောင်မြေသာဇံမြို့နယ်ရှိအမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းများသို့ ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူများက သင်တန်းကျောင်း ဌာနများဖွင့်လှစ်ဆောင်ရွက်ခဲ့မှုရည်ရွယ်ချက်နှင့် နောက်ခံ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ သင်တန်းသူများလက်ခံ စောင့်ရှောက် ထားရှိမှုအခြေအနေ၊ ဝန်ထမ်းအင်အားအခြေအနေ ဖြေရှင်း ဆောင်ရွက်ပေးနိုင်မှုများနှင့် လိုအပ်ချက်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ရပ်ရွာအတွင်းရှိလူမှုရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့် အမျိုးသမီးငယ်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်များ အား လက်ခံစောင့် ရှောက်ကာ အသက်မွေးဝမ်းကျောင်းပညာရပ်များ စနစ်တကျ တတ်မြောက်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လာနိုင်စေရန်အတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက် မွေးဝမ်း ကြောင်းပညာရပ်များအနေဖြင့် စက်ချုပ်သင်တန်း၊ အစားအစာပြုလုပ်မှုသင်တန်း၊ အလှအပပြုပြင်ပေးမှုဝန်ဆောင်မှုသင်တန်း၊ ဝင်ငွေရလုပ်ငန်းအနေဖြင့် ပန်းကုံး ချုပ်လုပ်နေမှုတို့ကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က သက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူလုပ်ကိုင်နေမှုအခြေအနေများ၊  စားသောက်နေထိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပညာရေး နှင့် အိမ်တွင်းမှု သက်မွေးပညာရပ်များကို ထူးချွန်တတ်မြောက်အောင်ကြိုးစား သင်ယူကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။














 

 

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR