ရေကြည်မြို့နယ်၊ (သံဒင်း၊ နတ်စင်ငူ၊ သင်္ဃန်းဒေါင့်၊ကျုံမရမ်း)အုပ်စု၊ကျေးရွာခွဲ(၄)ရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၁၅ မေ ၂၀၂၃
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၃) ရက်နေ့ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊(သံဒင်း၊
နတ်စင်ငူ၊ သင်္ဃန်းဒေါင့်၊ ကျုံမရမ်း) အုပ်စု၊ ကျေးရွာခွဲ (၄)ရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့်
တစ်စိတ်တစ်ပိုင်း အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀၀၀ဝ/-) ၊အိမ်ထောင်စု(၁၀)စုမှ
လူဦးရေ(၃၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၇၅၆၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ်
(၂၂၅၆၀၀/)အား ( ၁၅-၅-၂၀၂၃)ရက်နေ၊ (၁၂:၀၀)နာရီအချိန်တွင်
တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM