ASEAN – IPR Discussion Series 2022, Session 3: Protection and Promotion of Human Rights for Sustainable Peace အစည်းအဝေးအား (၂၃.၈.၂၀၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀မှ၁၆:၀၀) နာရီအထိ Virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍမှအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းယန္တရားများနှင့် ကျား၊မရေးရာရှုထောင့်မှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ (Sustainable Peace)နှင့် စိန်ခေါ်မှုများဆိုင်ရာ ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ 



နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR