မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မွန်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄.၈.၂၀၂၂ ) ရက်နေ့တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက  အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက လက်ရှိကူညီဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ ဆောင်ရွက်ပေးနိုင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ  Volunteer စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR