ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ဘာသာရပ်ပို့ချမည့်သူများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်သည် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ် သင်တန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ပြီးယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ဆွေးနွေးသွားမည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ်အရေးယူဆောင်ရွက်ခြင်း၊အမှုတိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအဆင့်ဆင့်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့် မြန်မာနိုင်ငံကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားခြင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာဆောင်ရွက်ချက်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စပ်လျဉ်းတဲ့ပြစ်မှုများအကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅၊ UNSCR-1325၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Helpline ဝန်ဆောင်မှုနဲ့  တစ်နေရာတည်းတွင် အမျိုးသမီးများအား ဝန်ဆောင်မှုပေးခြင်း One Stop Women Support Centre- OSWSC နှင့်  လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်တို့ ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား  ပြောကြားခဲ့ပါသည်။

သင်တန်းသို့ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား/သူ (၅၀)ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ၉.၁၁.၂၀၂၂ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့ထိ (၂)ရက်တာဖြစ်ကြောင်း၊ သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊မရေးရာအခြေခံသဘောတရားနှင့် ကျား၊မရေးရာအခြေပြုအကြမ်းဖက်ခြင်းအကြောင်းကို ပါဝင်ဆွေးနွေးခဲ့ပြီး ကျန်ဌာန/အဖွဲ့အစည်းများမှ သင်တန်းနည်းပြများကလည်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆွေးနွေးပို့ချခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR