လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် (၃-၈-၂၀၂၁)ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၁၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၂၅,၂၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၂၂၅,၂၀၀ိ/-)၊ (၉-၈-၂၀၂၁)ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၃၇,၈၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၄၃၇,၈၀၀ိ/-)၊ (၁၁-၈-၂၀၂၁)ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၈၉,၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၃၁၈,၉၀၀ိ/-)၊ (၁၉-၈-၂၀၂၁)ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၅၀,၄၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၅၅၀,၄၀၀ိ/-)၊ ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်း (၁,၅၃၂,၃၀၀ိ/-)အား (၂၄-၈-၂၀၂၁)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR