Basic Social Work Skills Development သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကယနေ့ဖွင့်လှစ်သည့်Basic Social Work Skills Development သင်တန်းကို ပိုမိုကောင်းမွန်သောပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတို့ကို သိရှိနားလည်ပြီး ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့ဖြစ်ပါကြောင်း၊လူတစ်ဦးမွေးဖွားသည့်အချိန်မှစပြီး အသက်အရွယ်ကြီးရင့်သည့်အချိန်အထိ လူသားများကြုံတွေ့ရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခက်အခဲများ၊ လူမှုရေးဆိုင်ရာ ပြဿနာရပ်များ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ပဋိပက္ခများ၏ နောက်ဆက်တွဲဆိုးကျိုးများလျော့ချနိုင်ရေး၊ ထိခိုက်လွယ် အခြေအနေကို ရင်ဆိုင်နေရသူများအနေဖြင့့်် ခွဲခြားဆက်ဆံမှု၊ လျစ်လျူရှုမှု၊ အလွဲသုံးစားမှု၊ ဘေးဖယ်ခံထားရမှု၊ ရသင့်ရထိုက်သည့်လူ့အခွင့်အရေးများ မရရှိနိုင်ခြင်းတို့အတွက်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရသော ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များသည် အဓိကအားဖြင့် လူမှုရေးပညာရပ်နှင့် ဆက်စပ်နေသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊လူမှုရေးပညာရပ်သည် ကူညီစောင့်ရှောက်ပေးရသောအတတ်ပညာတစ်ရပ် (Helping People Helping Themselves)ဟုသတ်မှတ်နိုင်ပါကြောင်း၊ လူမှုရေးလုပ်ငန်း၏ အခြေခံကျသောလုပ်ငန်းစဉ်သည်ယေဘုယျအားဖြင့်ထိခိုက်လွယ်အခြေအနေတို့ကို ရင်ဆိုင်နေရသူများ၊ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရသူများနှင့် ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသူတို့အတွက် ကောင်းကျိုးစီးပွား တိုးတက်လာစေရန်နှင့် အခြေခံလိုအပ်ချက်တို့ကို ရရှိနိုင်ရန် ကူညီဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများကျင့်သုံးဆောင်ရွက်ရမည့်အကြောင်းအရာများ၊ လိုက်နာရန်လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် ရပ်ရွာအတွင်းကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေးနည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းအစီအစဉ်များနှင့်သက်ဆိုင်သည့်သင်ခန်းစာတို့ကိုပို့ချမည်ဖြစ်ပါကြောင်း၊သင်တန်းတက်ရောက်သည့်အရာထမ်း၊အမှုထမ်းများနေဖြင့်ယနေ့သင်တန်းတွင်ပို့ချမည့်လူမှုရေးပညာရပ်ဆိုင်ရာအခြေခံအကြောင်းအရာတို့ကိုစိတ်ပါဝင်စားစွာဖြင့်လေ့လာသင်ယူရန်အပြင်လက်တွေ့လေ့ကျင့်ရန်နှင့်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ယနေ့သင်တန်းတွင်လူမှုရေး နည်းလမ်းအရ ကူညီဆောင်ရွက်ပေးသောလုပ်ငန်းအစီအစဉ်များနှင့်သက်ဆိုင်သည့်သင်ခန်းစာတို့ကိုဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ၂၂.၁.၂၀၂၂၃ရက်မှ၂၄.၁.၂၀၂၃ရက်အထိ (၃) ရက်တာပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR