လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀:၀ဝ)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software သည် တပ်မတော်သတင်းနည်းပညာဌာန၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည်ပေါ်အောင်မြင်ခဲ့ခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ဖြစ်သည့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် - Case Management Information System-CMIS” ကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ASOCIO Digital Government Award ကို ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Digital စနစ်သို့ အသွင်ကူးပြောင်းနိုင်မှု၏ သမိုင်းမှတ်တိုင် တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုဆိုရင် ပြည်သူလူထုအတွင်း လူမှုရေးဝန်ဆောင်မှုများကိုထိရောက်စွာ ဆောင်ရွက်လာနိုင်တော့မှာဖြစ်ပြီး SMIS Software ရေးဆွဲဆောင်ရွက်ခြင်းဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို စီမံခန့်ခွဲရာ၌ ကုန်ကျစရိတ်များသက်သာစေခြင်း၊ အကျိုးခံစားခွင့်ရရှိသူများ၏ ပြီးပြည့်စုံသော အချက်အလက်များကို ထိန်းသိမ်းထားနိုင်ခြင်း၊ အစီအစဉ်အသစ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ အကျိုးခံစားခွင့်ရရှိသူများအား ဝန်ဆောင်မှုများပေးရာတွင် ရည်ရွယ်ချက်များနှင့်အညီ ပိုမိုထိရောက်အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းကို (၉.၁.၂၀၂၃) ရက်နေ့မှ (၂၀.၁.၂၀၂၃ )ရက်နေ့အထိ သင်တန်းသား(၅၁)ဦးဖြင့် ရက်သတ္တ (၂)ပါတ်အကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR