ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး) ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၇) ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၁၂ မေ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
(၁၀-၅-၂၀၂၃)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ ကျုံပျော် ခရိုင်၊ ကျောင်းကုန်းမြို့၊ (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး)ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၇)ရွာတို့တွင်
ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ထရံကာ) ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက်
အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်
(၁၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅,၀၀၀/-)၊ အိမ်ထောင်စု (၂၃) စုမှ
စုစုပေါင်းလူဦးရေ (၉၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ
(၁,၁၆၄,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စာတို့အား (၁၁-၅-၂၀၂၃)
ရက်နေ့၊ (၁၅း၃၀) နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ
လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM