မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး Talk Show ရိုက်ကူးခြင်းကို (၈.၁၂.၂၀၂၃) ရက်နေ့တွင် သွားရောက်ရိုက်ကူးခဲ့ပါသည်။ 

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ် အကြောင်းဆွေးနွေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအဓိပ္ပာယ်၊ အကြမ်းဖက်ခြင်းအမျိုးအစားများ၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်စောင့်ရှောက်မှုဆောင်ရွက်ချက်များ၊ အကြမ်းဖက်များအား ကာကွယ်တားဆီးနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်ပုဒ်၊ အခမ်းအနားကျင်းပမှုများအား ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး မသန်စွမ်းသူနှင့်မသန်စွမ်းမှုအဓိပ္ပာယ်၊ မသန်စွမ်းမှုအမျိုးအစားများ၊ မသန်စွမ်းမှုကို ဖြစ်ပေါ်စေသော အတားအဆီးများ၊ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ မသန်စွမ်းသူများအသင်းအဖွဲ့ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ မသန်စွမ်းသူများအား ဆက်သွယ်နိုင်မည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR