စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ           စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊  ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ရာ တက်ရောက်သူ စုစုပေါင်း (၉၇)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာ(၇)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁)ကျောင်း၊ စေတနာမူလတန်းညကျောင်း(၂) ကျောင်း၊ လူငယ်ရိပ်သာ(၁)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကို ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ကိုယ်စား  ကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR