လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ လင်းလွန်းပင်ကျေးရွာ၌ (၂၀-၅-၂၀၂၄) ရက်နေ့
(၂၀း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျက်စီးခဲ့သောအမိုးလန်နေအိမ်(၂)လုံးတို့အတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀ဝိ/-) အား (၂၃-၅-၂၀၂၄)
ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
မြို့နယ်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့
သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: DDM