လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ်(၃) ခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ ဦးရေ(၁၅၀)ဦးအား ဆွေး‌နွေးဟောပြောခြင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဘေးအန္တရာယ်ဆိုင်ရာတစ်မျိုးချင်းစီအလိုက် အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်းများကို  ဆောင်ရွက်ခဲ့ပါ‌သည်။

Source: DDM

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR