၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို (၁.၁၀.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန် မော်လမြိုင်မြို့၊သာသနာ့ဗိမာန်တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာသော တောင်ဝိုင်းဘိုးဘွားရိပ်သာမှ ဘိုး၊ ဘွား (၂၀) ဦးအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပါသည်။ ထို့နောက် ဘိုးဘွားများအား ဂုဏ်ပြုဂါရဝငွေ ကျပ် ၅၀၀၀ဝိ/-၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လှူဒါန်းသည့် ကျပ် ၅၀၀၀ဝိ/- တန်ဖိုးရှိ ဆေးဝါးများပါ ပုံး (၁) ပုံး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လှူဒါန်းသည့် လုံချည်၊ ထမီ (၁) ထည်စီ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ လှူဒါန်းသည့် ခြုံစောင် (၁) ထည်စီနှင့် ကွေကာအုပ် (၁) ထုပ်စီတို့ကို တက်ရောက်လာသော ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းခဲ့ကြပြီး၊ အဘိုး(၁) ဦးနှင့်အဘွား (၁) ဦးက ဆုတောင်းမေတ္တာပြန်လည်ပို့သကာ အခမ်းအနားကို မွန်းလွဲ (၁၃:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ ကန်တော့ခံဘိုးဘွား (၁၈၉) ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ငွေသားနှင့်ပစ္စည်းတန်ဖိုးကျပ် ၁၄၂,၀၈,၀၀ဝိ/-(ကျပ်တစ်ရာလေးဆယ့်နှစ်သိန်းရှစ်ထောင်တိတိ) ကိုလှူဒါန်းခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း အင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR